The Sun Origin
Type :Offline(Survival+Open-World)
Size :430Mb
Platform:Andriod
° Horror ဂိမ်းတွေအထုတ်များတဲ့ AGaming+ က နေ 2018 နှစ်ကုန်ပိုင်းမှာထွက်ရှိလာတဲ့ဂိမ်းလေးဖြစ်ပြီး PS မှာ MMK 2000 နဲ့ရောင်းချနေတဲ့ Paid Game လေးပါ။ဒီရဲ့ Developer ကနေထွက်ရှိထားတဲ့ ဂိမ်းတိုင်းကတော်တော်လေးကိုဆော့ကောင်းပြီး Story ပိုင်းကစအပြစ်ပြောစရာလုံးဝကိုမရှိပါဘူး။
° ကမ္ဘာမြေကြီးမှာနေထိုင်နေတဲ့ လူသားတွေအတွက်နေဆိုတာကလုံးဝကို မရှိမဖြစ်တဲ့အရာဖြစ်ပြီး လို အပ်တဲ့အပူနဲ့အလင်းကိုလည်း နေဆီကပဲအဓိကရနေတာပါ။နေကြီးရဲ့မျက်နှာပြင်မှာလည်း ပေါက်ကွဲမှုတွေကဘီလီယံနဲ့ချီဖြစ်ပေါ်နေပြီးသံလိုက်စက် ကွင်းတွေနဲ့အတူပူလှိုင်းတွေကိုလည်းအဆက်မပျက် ထုတ်လွှတ်နေတာပါ။2003 ခုနှစ်မှာနေဆီကနေ Hydrogen ဗုံးပေါင်း 200 နဲ့ညီတဲ့အဖျက်စွမ်းအားတစ်ခုကိုထုတ်လွှတ်လိုက်ပြီး လူတွေနေထိုင်ရာကမ္ဘာမြေကိုအမြန်ဆုံးလာနေပါပြီ။ထိုစွမ်းအားကြောင့်ကမ္ဘာမြေကြီးကအပျက် အစီးတွေဖြစ်ပေါ်လာပြီး လေထုလွှာကလည်းပျက်စီးသွားလို့နောက်တစ်ခေါက်သာထပ်ဖြစ်ခဲ့ရင်တော့ လူသားတွေအနေနဲ့အသက်အန္တာရယ်ပါရှိလာမှာပါ။
° တစ်နေ့မှာသိပ္ပံပညာရှင်တွေက အရင်ကထက်ပြင်းတဲ့ပေါက်ကွဲမှုတစ်ခုက ကမ္ဘာဆီကိုလာနေပြီလို့အ ကြောင်းကြားခဲ့ပေမယ့် လူသားတွေရဲ့ပေါ့လျော့မှုကြောင့် မျိုးတုန်းနိုင်တဲ့အထိရိုက်ခက်ခံခဲ့ရတာပါ။နောက်ပြီးတော့ပိုဆိုးတာက ကမ္ဘာအနှံ့မှာရှိနေတဲ့ Nuclear ဓာတ်ပေါင်းဖိုတွေကလည်းရိုက်ခက်မှုရဲ့ ဒဏ်ကြောင့်ပင်ယိုစိမ့်မှုတွေဖြစ်ပေါ်လာပါတယ်။အကျိုး ဆက်အနေနဲ့ကတော့ ပတ်ဝန်းကျင်အလိုက်လူသားတွေကထူးဆန်းလွန်းတဲ့ သတ္တဝါတွေဖြစ်သွားပြီးလူတစ်ချို့ကတော့မြေအောက်လှိုင်ဂူတွေမှာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ခေတ်အဆက် ဆက်မြေအောက်မှာရှင်သန်ခဲ့ပေမယ့် MC တို့ရဲ့ခေတ် ရောက်တဲ့ချိန်မှာတော့အစာရေစာကလုံးဝကိုမလောက်တော့ပါဘူး။
° Main Character Raven နေရာကနေဆော့က စားရမှာဖြစ်ပြီးအဖွဲ့အတွက်လိုအပ်တဲ့ အစားအစာတွေကိုရှာဖွေရမယ့် အပြင်သတ္တဝါတွေနဲ့အတူတ ခြားဂိုဏ်းတွေရန်ကပါကာကွယ်ရမှာပါ။Gameplay ပိုင်းကအတော်စုံသလို Huge Map ထဲမှာ Explore လုပ်ရင်း Survive လုပ်ရမှာပါ။ဂိမ်းက Items နဲ့ပတ်သတ်ပြီးအတော်များများပါသလို Dead Body ဆီကပါကောက်လို့ရသေးလို့ Reality ဆန်ပါတယ်။နောက်ပြီး Graphic Options ကတော်တော်များများပါပြီး ပြင်လို့ရတာမို့ Low Phone တွေမှာတော့ Smooth ဖြစ်အောင်ဆော့နိုင်ပါတယ်။Shadow Accurate နဲ့ Reflection တွေကစအသက်ဝင်တဲ့အပြင် FPS Type ကြောင့်ပါပြီးပြီးကိုယ်တိုင်ရောက်နေသလိုဆော့ရမှာပါ။
Download Link⬇⬇
Andriod-Download
How to Install?
-Apk နဲ့ Obb Down ပါ။
-Obb ကို Andriod obb မှာ Zip ဖြည်ပါ။
-Apk ကို Install တင်ဆော့လို့ရပါပြီ။
#epicgamer
Comments
Post a Comment