Paranormal Pursuit : The Gifted One

Paranormal Pursuit : The Gifted One

 ° Puzzle ဂိမ်းတွေသာအထုတ်များတဲ့ California အ ခြေစိုက် Big Fish Games Company ကနေထွက်ရှိထားတဲ့ ဒီဂိမ်းက Action Movie ကြည့်နေရသလိုကိုစွဲလမ်းစေမှာပါ။ထူးဆန်းလွန်းတဲ့ ကောင်လေးတစ်ယောက် ကိုကောင်မ လေးတစ်ယောက်က ကယ်တင်ရတာကိုစိတ်ဝင်စားဖွယ်ဆော့ကစားရမှာပါ။သဘာဝလွန်ဖြစ်ရပ်များကို အခြေခံဖန်တီးထားပြီး Puzzle Adventure သမားတွေသာဆိုလက်မလွှတ်သင့်ပါဘူး။

° မိဘတွေမရှိ​တော့တဲ့နောက်ပိုင်း ပထွေးဖြစ်သူ Jason နဲ့အတူနေတဲ့ Kevin ဆိုတဲ့ကောင်လေးကအများထင်နေသလို သာမန်ကောင်လေးတစ်ယောက် မဟုတ်ပဲ သဘာဝလွန်စွမ်းအားတွေနဲ့မွေးဖွားလာခဲ့တာပါ။အစပိုင်းမှပထွေးဖြစ်သူ Jason နဲ့အဆင် ပြေနေပေမယ့်လဲ Kevin ကသာမန်က လေးမဟုတ်တာကိုသိရှိသွားချိန်မှာတော့ပထွေးဖြစ်သူကမြေအောက်ခန်းထဲမှာပိတ်လှောင်ထားပါတော့တယ်။ဒါပေမယ့် Kevin ရဲ့စွမ်း အားတွေအားလုံးထဲကတစ်ခုအပါအ ဝင်ဖြစ်တဲ့ Mind Control ကိုအသုံးချပြီးပထွေးဖြစ်သူကိုက လေးသူငယ်စောင့်ရှောက်ရေးကိုဖုန်းခေါ်ခိုင်းလိုက်ပါတယ်။

° Samantha Evans ဆိုတဲ့ကောင်မလေးကလည်း ထိုဌာနမှာအလုပ်လုပ်နေတာဖြစ်ပြီး ကောင်လေးရဲ့ဖုန်းခေါ်မှုကြောင့် ပထွေးဖြစ်သူဆီသွားရောက်စုံစမ်းပါတော့တယ်။ဒါပေမယ့် ရောက်ရှိချိန်မှာတော့ ပထွေးဖြစ်သူကကလေးမရှိဘူး လို့ငြင်းလိုက်ပြီး Evans ကလည်းသွေးရိုး သားရိုးမဟုတ်တဲ့အတွက် ရဲဌာနကိုအကူအညီတောင်းလိုက်ပါတယ်။ဒီကိစ္စမှာ ရဲတွေကလည်းပါဝင်နေတာကို ရိပ်မိသွားပြီးဖြစ်ခြင်တော့ Jason ကလည်းရဲမှုးဖြစ်နေတာကို။Evans လည်း Kevin ကိုမရရတဲ့နည်းနဲ့ကယ်ထုတ်လိုက်ပြီး ကံဆိုးစွာနဲ့ကလေးပြန်ပေးဆွဲတယ်ဆိုပြီး သတင်းမှာတတ်လာတာပါ။အဲ့တော့ဘယ်သူကအမှန် ဘယ်သူကအမှားဆိုတာကိုလူတွေကဝေခွဲရခက်နေပြီး ကြားထဲမှာလည်းသင့်တို့ကိုလာဖမ်းတာကိုရင်ဆိုင်ရအုံးမှာပါ။
 

=========================

 - [ Platform : Andriod ] 

 - [ Type : Puzzle Adventure ] 

 - [ Size : 800Mb ] 
 
========================= 

 - [ Review ] 

 တခြား puzzle ဂိမ်းတွေလိုအေး ဆေးဆော့ကစားရမှာတော့မဟုတ်ဘူး နောက် ပြီးဂိမ်းက Cutscene တွေအတော်ပါပြီး ရုပ်ရှင်ကြည့်နေရမယ့်တိုင်းဆော့ရမှာပါ။ဒီစွမ်းအားရှင်လေးနဲ့ Evans တို့ရှေ့ဆက်ဘယ်လိုနှစ်ပါးသွားကြမလဲ ၊ ကောင်လေးရဲ့နောက်ထပ်စွမ်းအားအသစ်တွေကကောဘာတွေများလဲ ၊ သူတို့ကိုဘယ်သူတွေကထပ်ကူညီအုံးမလဲဆိုတာတွေသိခြင်ရင်တော့ ကိုယ်တိုင်ဆော့ကြည့်မှပဲသိပါလိမ့်မယ်။Puzzle Type ဆိုတော့ရှည်ရှည်ဝေးဝေးသိပ်ရှင်းစရာတော့မလိုဘူးလို့ထင်ပါတယ် အဆင်ပြေကြပါစေ။

Download Link⬇⬇



How to install?

-Apk နဲ့ obb Down ပါ။
-obb ကို zip ဖြည်ပြီး com.နဲ့စတဲ့ File ကို Andriod obb ကိုပို့ပါ။
-Apk ကို install တင်ဆော့လို့ရပါပြီ။

#epicgamer 

Comments

Popular posts from this blog

Call Of Duty Strike Team

The Sun Origin

Dead Zone