Combat Magic


Combat Magic ( Online / Offline )

°       ဒီတစ်ခါဂိမ်းလေးကတော့ Shooter ဂိမ်းတွေသာအထုတ်များတဲ့ Kisunja Developer ကနေထူးထူးခြားခြားထွက်ရှိထားတာပါ။Cyber- Sphere တို့လိုဂိမ်းကောင်းတွေကိုလည်းဖန်တီးပေးထားတဲ့ Developer မလို့ဒီဂိမ်းကိုလဲ Player တွေသဘောကျကျမှာပါ။Mutiplayer အဖြစ်သူ ငယ်ချင်းတွေနဲ့ 8 ယောက်တိတိပါဝင်ဆော့က စားရမှာဖြစ်ပြီးသေချာတာကတော့ Developer က Player ​တွေကိုအများကြီးကိုလိုက်လျောပေးထားတာပါ။

°       Offline ကော ၊ Online ပါဆော့ကစားလို့ရတဲ့ Third Person Game လေးဖြစ်ပြီး Classic Role ပေါင်း 15 မျိုးလောက်ထိရွေးချယ်ဆော့ကစားနိင်ပြီး သူငယ်ချင်းတွေနဲ့သာဆော့လိုက်ရင်တော့ ရှေးခေတ်ကသူရဲကောင်းအဖွဲ့လိုခံစားရမှာပါ။ခုလိုကာလကြီးမှာ Data စျေးတွေကလည်းတက်တစ်ချို့ကျတော့လည်းသူငယ်ချင်း တွေနဲ့ဆော့လို့ရတဲ့ ဂိမ်းမျိုးသာရှာနေရင်တော့ ဒီဂိမ်းကိုလက်မလွှတ်သင့်ပါဘူး။နောက်ပြီး Size ကလည်းနည်း Graphic ကလည်းကြည့်ရကောင်းတော့ Down ဖို့ပဲလိုတော့တယ်နော်။

=========================

- [ Platform : Andriod ] -

- [ Type : RPG / Mutiplayer ] -

- [ Size : 150Mb ] -

=========================

- [ Review ] -

Level အလိုက် Equiment တွေပါဝင်ပြီး Color တွေကစ Customize လုပ်လို့ရတော့အတော်မိုက်တယ်။Roles တစ်ခုစီမှာ Unique Abilities ပေါင်း 10 ခုကျော်ပါဝင်ပြီး Rpg Elements တွေပါပါတယ်။Map အနေနဲ့ 6 ခုပါဝင်ပြီးတော့ Gameplay Mode ပေါင်းကလည်း 4 မျိုးထိရွေးခြယ်ဆော့ကစားလို့ရတာပါ။Mutiplayer ဖြစ်တဲ့ PvP နဲ့ PvE မှာဆိုရင် 8 ယောက်ထိဆော့ကစားရမှာဖြစ်ပြီး Single AI Mode မှာတော့ 12 ယောက်အထိ war ဖန်တီးလို့ရပါတယ်။တခြား Mode တွေကရင်းနှီးပြီးသားမို့မပြောတော့ဘူး။Level တတ်လာတာနဲ့ Equipments တွေအပြင် Abilities တွေပါ Unlock ဖြစ်လာမှာဖြစ်ပြီးရလာတဲ့ Point တွေကနေလည်းကိုယ့်ရဲ့ Character ကို Upgrade လုပ်လို့ရမှာပါ။


Graphic ပိုင်းကတော့ Polygon ကိုသုံးပေးထားပေမယ့် Details ကျကျဖန်တီးပေးထားတာပါ။Grass တွေ ၊ ဖုန်မှုန့်တွေဆိုရင် Map တစ်ခုဆီအလိုက်အသက်ဝင်ပါတယ်။တစ်ခုရှိတာက Character Create ပိုင်းကို 5 ခုထိပဲ Free ပေးထာားမှာဖြစ်ပြီး ကျန်တာကိုတော့ Purchased လုပ်ပေးမှရတာပါ။ဒါ့ကြောင့် Classic Role တွေကိုသေချာစမ်းပြီးမှပဲရွေးကျပါ။မေ့တော့မလို့ Phone ကောင်းရင် Fps ကလည်း 120 ထိတောင် Support ပေးထားတာနော်။

Download Link ⬇⬇


#epicgamer

Comments

Popular posts from this blog

Call Of Duty Strike Team

The Sun Origin

Dead Zone