Fatal Affari on Cape Fog

Fatal Affari On Cape Fog ( Offline ) 

°       ဒီတစ်ခါဂိမ်းလေးကတော့ Puzzle ဂိမ်းတွေသာအထုတ်များတဲ့ Developer ကနေ Dec 10 ရက်နေ့တုန်းကထွက်ရှိထားတာဖြစ်ပြီး Puzzle Adventure ကြိုက်နှစ်သက်သူတွေအတွက်တော့ လုံးဝအံကိုက်ပါပဲ။Background Sound တွေနဲ့ Graphic ကိုဖန်တီးထားတာကသဘောကျစရာကောင်းပြီးဂိမ်းရဲ့ ဇာတ်လမ်း ၊ ဇာတ်ကွက် ၊ ပဟေဠိတွေကလည်းနက်ရှိုင်းလွန်းလို့သေချာဆော့မှနားလည်မယ်နော်။

°       ဂိမ်းရဲ့ဇာတ်လမ်းကတော့ သင်နဲ့သင့်ယောကျာ်းကအေးချမ်းသာယာလွန်းတဲ့ Cape Fog ဆိုတဲ့မြို့ငယ်လေးမှာသွားနေကြမှာပါ။ယောကျာ်းဖြစ်သူက အလုပ်တွေကြောင့်ရုံးမှာနေခဲ့ရတာဖြစ်ပြီး သင်ကတော့မြို့ခံတွေနဲ့ရင်းနှီးမှုရယူဖို့အ တွက် အရင်ဆုံးရောက်လာပါတယ်။မြို့လေးကအေးချမ်းတယ်ဆိုပေမယ့်လဲ ရောက်ရောက်ခြင်းသိလိုက်ရတာက မကြာသေးခင်ကမှ မိန်းကလေးတစ်ယောက်ရဲ့ လူသေမှုတစ်ခုဖြစ်ပွားထားတာဖြစ်ပြီး သေဆုံးမှုနဲ့ပတ်သတ်ပြီးဘာသတင်းဘာသဲလွန်စမှကိုလည်းရှာမတွေ့ခဲ့ကြပါဘူး။ဒါ့ကြောင့်ဒီလူသေမှုက မြို့ခံတွေကြားမှပြောစရာတစ်ခုဖြစ်နေပြီး သင်ကလည်းခုမှရောက်တာဆိုတော့ သင်နဲ့လည်းမဆိုင်သေးပါဘူး။

°       ဒီလိုနဲ့မြို့ထဲကိုပတ်သွားနေရင်းထူးဆန်းတဲ့ အိမ်အိုကြီးတစ်လုံးဆီအမှတ်မထင်ရောက်ရှိသွားပါတယ်။မြို့ခံတစ်ယောက်ရဲ့ ပြောကြားချက်အရဒီအိမ်အိုကြီးမှာကောင်မလေးရဲ့ဝိညဥ်စွဲကပ်နေပြီး ခြောက်လှန့်နေတဲ့အတွက် ရဲတွေ ၊သတင်းထောက်တွေကစဒီတိုင်းပစ်ထားကြတာပါ။ဒါပေမယ့်ထူးဆန်းစွာနဲ့ သင်တစ်ခါမှမတွေ့ဘူး ၊ မမြင်ဘူးတဲ့ဒီကောင်မလေးရဲ့သေဆုံးမှုကသင့်ယောကျာ်းနဲ့ပတ်သတ်နေတာပါ။ဘယ်လိုတွေပတ်သတ်နေတာလဲ? ကောင်မလေးကကောဘယ်လိုသေဆုံးသလဲဆိုတာသိခြင်ရင်တော့...

=========================

- [ Platform : Andriod / ios ] 

- [ Type : Puzzle Adventure ]

- [ Size : 105Mb ] 

=========================

- [ Review ]

Timeline ကအရင်ခေတ်ကိုနေရာယူထားတာမဟုတ်ပဲ ယခုခေတ်ကိုနေရာယူထားတာဖြစ်လို့ အသစ်အဆန်းအနေနဲ့ဆော့ကြည့်သင့်တယ်။ဖန်တီးထားတဲ့ Background Art တွေကလည်း The Last Fountain တို့ The Lost City တို့လိုမျိုးအရမ်းမိုက်တယ်။Background Sound တွေကလည်း လုံးဝကို Relaxing ဖြစ်စေပြီး Mysterious ဆန်တဲ့လူသေမှုကို သင်နဲ့မဆိုင်ခဲ့ပေမယ့် သင့်ယောကျာ်းကြောင့်ယခုတော့ဆိုင်သွားပါပြီ။သဲလွန်စအတွက် Purchased လုပ်မှရတာဖြစ်ပြီး မလုပ်နိုင်ရင်တော့ သဲလွန်စမပါပဲဆော့ရမှာပါ။ဒါကလည်း ကိစ္စမရှိပေမယ့် ဒီလိုဂိမ်းမျိုးတွေက ကိုယ့်အားကိုကိုးမှ Challange ဖြစ်တာပါ။
Download Link⬇⬇

Playstore-Download
Apkcombo-Download

#epicgamer

Comments

Popular posts from this blog

Call Of Duty Strike Team

The Sun Origin

Dead Zone