No Rest Horror Game
No Rest Horror Game ( Alpha )
° Alpha အဆင့်သာရှိသေးတဲ့ဒီဂိမ်းက Horror သမားတွေအတွက်တော့လုံးဝအကြိုက်တွေ့စေမှာဖြစ်ပြီး Indie Developer တစ်ခုဖြစ်တဲ့ DarkGamesSCB ရဲ့ပထမဦးဆုံးပွဲထွက်ဂိမ်းလေးပါ။Alpha အဆင့်ဆိုတော့ Complete မဖြစ်သေးပေမယ့်လဲ Playstore မှာ Ratings အကောင်းဆုံးရထားတာဖြစ်ပြီး Offical တာထွက်လာကရင်တော့ဒီထက်ကိုပိုကောင်းလာမယ့်ဂိမ်းလေးပါ။
° ဒီဂိမ်းမှာ Bro တို့ကကားတစ်စီးနဲ့ခရီးသွားနေ David ဆိုတဲ့လူတစ်ယောက်နေရာကနေဆော့ကစားပေးရမှာဖြစ်ပြီးလမ်းမှာဆီပျက်သွားတဲ့အတွက်သူ့ကိုကူရှာပေးရတာကနေစထားတာပါ။ဆီရပြီဆိုတာနဲ့ခရီးထပ်ဆက်လာရာကနေ မထင်မှတ်ထားတဲ့ Accident တစ်ခုကြောင့်စွန့်ပစ်ထားတဲ့မြို့တစ်ခုမှာသောင်တင်သွားပါတယ်။ပိုဆိုးတာက ဒီမြို့ကတစ်ချိန်တုန်းကသဘာဝလွန်အမှုတွေဖြစ်ခဲ့ဖူးတာဖြစ်ပြီး David တစ်ယောက်ဒီမြို့မှာဘယ်လိုအခက်အခဲတွေနဲ့ ရှင်သန်သွားမလဲဆိုတာသိခြင်ရင်တော့ ကိုယ်တိုင်ဆော့ကြည့်မှပဲသိပါလိမ့်မယ်။
=========================
- [ Platform : Andriod / ios ]
- [ Network : Offline ]
- [ Type : Horror / Survival ]
- [ Size : 165 Mb ]
=========================
- [ Review ]
Size နည်းနည်းနဲ့ Cutscene တွေကို Animation နဲ့လုံးဝကို Details ကျအောင်ဖန်တီးထားတာကအတော်သဘောကျစရာကောင်းတယ်။ဒီ Developer ကဒီတစ်ဂိမ်းကိုဖန်တီးထားတာက ပွဲဦးထွက်ဆိုပေမယ့်လဲ သေသေချာချာအားစိုက်ပြီးတော့လုပ်ပေးထားတာပါ။ပစ္စည်းကောက်တာတွေ ၊ အံဆွဲဖွင့်တာတွေ ၊ တခါးပေါက်ဖွင့်တာတွေကစအသေးစိတ်ပြုလုပ်ပေးထားတဲ့အပြင် Horror ဆန်ဆန် Resolution ကိုလည်းအုံ့အုံ့မှိုင်းမှိုင်းနဲ့ လုပ်ပေးထားတာကအရမ်းကိုမိုက်တာပါ။
တခြား Horror ဂိမ်းတွေလိုဓာတ်မီးမသုံးပဲဖယောင်းတိုင်သုံးထားပြီး အလင်းမြင်နှုန်းကလဲကိုယ့်နားတစ်ဝိုက်ပဲဆိုတော့ရှေ့နားမှာဘာတွေရှိမလဲဆိုတာက လုံးဝကို Excite ဖြစ်စေမှာပါ။Control ကစ Easy နဲ့ Simple ဖြစ်သလို Graphic ကိုလည်း Dark ဘက်ကိုနည်းနည်းသွားထားပြီး ဖန်တီးထားတဲ့ Environment အပြင် First Person ကြောင့်ပါကိုယ်တိုင်ဝင်ဆော့နေတဲ့အထိစွဲခေါ်စေမှာပါ။Graphic Options မှာလည်း Low ၊ Medium ၊ High အနေနဲ့သာပါပြီး Low Phone တွေမှာတောင် Optimized ဖြစ်တယ် Fps ကလည်း 60 ထိ Support ပေးထားတာကြောင့်ဘာလိုသေးလဲ။
- [ Note ]
Game က Chapter တစ်ခုပြီးတာနဲ့နောက် Chapter တစ်ခုအတွက် Ads 2 ခုကြည့်ပေးရပါမယ်။
Download Link⬇⬇
Andriod
Playstore-Download
Apkcombo-Download
#epicgamer
Comments
Post a Comment